အီဖယ်လ် မျှော်စင် (Paris)

France / Ile-de-France / Vanves / Paris / Champ de Mars
 tower (en), Eiffel (en), tourist attraction (en), 1889_construction (en)

အီဖယ်လ်မျှော်စင် (Eiffel tower/La Tour Eiffel)သည် ပြင်သစ်နိုင်ငံနှင့် ပါရီမြို့တို့၏ အထင်ကရပြယုဂ်တစ်ခုဖြစ်ပေသည်။ ပြင်သစ်နိုင်ငံတွင် ဒုတိယအမြင့်ဆုံးနှင့် ပါရီမြို့၏ အမြင့်ဆုံးသော အီဖယ်လ် မျှော်စင်သည် ပါရီမြို့ရှိ ရှမ့် ဒီ မားစ် အရပ်တွင်တည်ရှိပြီး သံဘောင်များဖြင့် သီးသန့်တည်ဆောက်ထားသည့် ဗိသုကာလက်ရာဖြစ်သည်။ မျှော်စင်၏ အမည်အား ပုံစံထုတ်လုပ်ပေးသည့် ဗိသုကာ ဂတ်စတပ်ဗ် အီဖယ်လ်အား ဂုဏ်ပြုသောအားဖြင့် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
မျှော်စင်သည် ခရီးသွားများနှင့် လေ့လာသူများအတွက် လှည့်ပတ်ကြည့်ရှုရန် အထပ်သုံးထပ်ဖြင့် ဖွဲ့စည်းထားသည်။ ပထမထပ်(မြေညီထပ်) နှင့် ဒုတိယထပ်များအား လှေကားနှင့် ဓါတ်လှေကားများ အသုံးပြု၍ လှည့်ပတ်ကြည့်ရှုနိုင်သော်လည်း အမြင့်ဆုံးဖြစ်သည့် တတိယထပ်ကိုမူ ဓါတ်လှေကားတစ်မျိုးတည်းဖြင့်သာ တက်ရောက်နိုင်သည်။
Nearby cities:
ကိုသြဒိနိတ်များ   48°51'29"N   2°17'40"E
This article is protected.
  •  7.1 ကီလိုမီတာ
Array