ဆစ်ကင်(Sikkim)

India / Sikkim / Mangan /
 state (en), first-level administrative division (en), draw only border (en)

ဆစ်ကင်(Sikkim)သည် အိန္ဒိယနိုင်ငံ၏ အစောင့်အရှောက်ခံ ပြည် နယ်တစ်ခုဖြစ်သည်။ ဟိမဝန္တာတောင်တန်း၏ အရှေ့ဖျားတွင် တည်ရှိ၍၊ အကျယ်အဝန်းမှာ ၂၇၄၅ စတုရန်းမိုင်ဖြစ်၏။ အနောက်ဘက်တွင် ဆစ်ကင်ပြည်နယ်နှင့် နီပေါနိုင်ငံကို ပိုင်း ခြားထားသော ဆင်ဂလီလာတောင်တန်းရှိသည်၊ ချီယာဘန်ဂျ လာ တောင်တန်းလမ်းဖြင့် ထိုတောင်တန်းကို ဖြတ်သန်းသွား လာနိုင်သည် အရှေ့ဘက်တွင် ချိုလာတောင်တန်းသည် တိဗက် နိုင်ငံနှင့် ဆစ်ကင်ပြည်နယ်တို့ကို ပိုင်းခြားထားသည်။ ထို တောင်တန်းတွင် နားတူလားတောင်ကြားလမ်းနှင့် ဂျယ်လယ် ပလားတောင်ကြားလမ်းတို့ ရှိသည်။ ဤကဲ့သို့ တောင်တန်း နှစ်ခုအကြားတွင် တည်ရှိသော ဆစ်ကင်ပြည်နယ်မှာ တောင် ကုန်းတောင်စဉ်ထူထပ်လှသည်။ တောင်ကြားချိုင့်ဝှမ်းပေါများ လှ၏။ တောင်တန်းများ၌ ပေ ၁၇ဝဝဝ အထက်တွင် ဆီးနှင်း များကို မပြတ်မလပ် တွေ့ရသည်။ ပေ ၁၂ဝဝဝ နှင့် ၁၅ဝဝဝ အကြားတွင် ကုန်းပြင်မြင့်အနည်းငယ်ကို ကြိုးကြားတွေ့ရ၏။ ထိုကုန်းပြင်မြင့်များ၌ ရေအိုင်ငယ်အချို့ရှိသည်။ သစ်တော များမှာ ပေ ၉ဝဝဝ နှင့် ၁၂ဝဝဝ မြင့်သော တောင်စောင်း များတွင် တည်ရှိသည်။ ထိုထက်နိမ့်သော ဒေသများ၌ သီးနှံ စိုက်ပျိုးလုပ်ကိုင်ကြသည်။ ပေ ၆၅ဝဝ နှင့် ပေ ၄၅ဝဝ အကြား တောင်စောင်းများတွင် ခုတ်ထွင်ရှင်းလင်းပြီးသော်၊ ဖူးပြောင်း၊ နှံစားပြောင်းနှင့် ပဲမျိုးစုံစိုက်ပျိုးသည်။ တစ်ဖန် ထိုထက်နိမ့်သော အပိုင်များ၌ တောင်စောင်းများကို လှေကား ထစ်များသဖွယ်ပြု၍၊ ရေသွင်းပေးနိုင်သော နေရာများတွင် စပါးကို စိုက်ပျိုးကြ၏။ ထင်ရှားသော မြစ်မှာ တစ်စတားမြစ် ဖြစ်သည်။...
ကိုသြဒိနိတ်များ   27°35'53"N   88°28'0"E
Array