LetPaDaung Mountain

Myanmar / Sagaing / Monywa /
 Upload a photo

Copper Project
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းတွင် ပါဝင်၍ ရွာရွှေ့ရမည့် ကျေးရွာလေးရွာဖြစ်သည့် ဆည်တည်း၊ ဇီးတော၊ ၀က်မှေး၊ ကံတောရွာလေးရွာအတွက် ကျေးရွာသစ် တည်ဆောက်ရေးကို မုံရွာ-ပုသိမ်ကားလမ်းမကြီး၏ အရှေ့ဘက် နှင့် အနောက်ဘက်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဆည်တည်းရွာနဲ့ ဇီးတောရွာ တွေဟာ လက်ပံတောင်းတောင်ရဲ့ တောင်ဘက်မှာရှိပါတယ်။ ဆည် တည်း၊ ဇီးတောကျေးရွာသစ်တည် ဆောက်ရေးဟာမုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီး-ဆားလမ်းကြီးလမ်း ရဲ့အနောက်ဘက်မှာဆောင်ရွက်နေ တာတွေ့ရတယ်။ လျှပ်စစ်မြစ်ရေ တင်မြောင်းဟာ ရွာအသစ်နဲ့လမ်းမ ကြားမှာရှိလို့ ရွာအ၀င်တံတား ဆောက်နေတာကိုတွေ့ရတယ်။ ရွာ နေရာအသစ်ဟာဖောင်းကတာကျေး ရွာနဲ့တစ်မိုင်ပဲဝေးတယ်။ အနောက် ဘက်မှာ ကျောက်ဖြူတိုင်ကျေးရွာ လည်းရှိတယ်”ဟု၍ ဒေသခံတစ်ဦး ကပြောပြခဲ့သည်။
news-eleven.com/index.php?option=com_content&view=artic...
Nearby cities:
Coordinates:   22°4'33"N   95°5'29"E
This article was last modified 15 years ago